ဆေးရုံတင်ရန်လိုအပ်သောလူနာများအား ကြက်ခြေနီက လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီပေးလျက်ရှိ

  02/ May/ 2021

တနင်္သာရီတိုင်း၊ မေလ (၂)ရက်
တနင်္သာရီတိုင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် တနင်္သာရီတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ အရေးပေါ်လူနာများအား ရှေးဦးပြုစုပေးခြင်း၊ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြရာ ၂၀၂၁ခုနှစ်၊ မေလ ၁ရက်နေ့က ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်မှ မူးဝေအော့အန်သောလူနာတစ်ဦးအားလည်းကောင်း၊ ဧပြီလ ၃၀ရက်နေ့က သရက်ချောင်းမြို့နယ်၊ ကြာအင်းကျေးရွာမှ နေမကောင်းဖြစ်သူလူနာတစ်ဦးအားလည်းကောင်း နီးစပ်ရာဆေးရုံများသို့ အသီးသီးပို့ဆောင်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းပေးပို့သူ – ဦးမြင့်နိုင်