တာချီလိတ်တွင် နေရပ်ပြန်ပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် ကြက်ခြေနီက ကူညီဆောင်ရွက်

  06/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာကြသော နေရပ်ပြန်ပြည်သူများအား တာချီလိတ်ခရိုင်/မြို့နယ်ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စိတ်ပိုင်း၊လူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ မိသားစုနှင့်ပြန်လည်ဆက်သွယ်ပေးရေးအတွက် ကိုယ်ရေးမှတ်တမ်းများရယူခြင်းနှင့် နေရာထိုင်ခင်းစီစဥ်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။