ထားဝယ်တွင် အရေးပေါ်ကလေးမွေးဖွားမည့်သူနှင့် သတိလစ်လူနာတို့အား ‌ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

  13/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ဝဲကျွန်းမြို့သစ်မှကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရေးပေါ်ကလေးမွေးဖွားရန် နေအိမ်မှ ဆေးရုံသို့ အသင်းခွဲမှလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ညပိုင်းတွင်လည်း ဆန်းချီရပ် ကမြောကင်းလမ်း၌ သတိလစ်နေသော လူနာတစ်ဦးကို ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။