နေရပ်စွန့်ခွာပြည်သူများအတွက် ကြက်ခြေနီက အစားအစာများနှင့် အသုံးအဆောင်များ ထောက်ပံ့ပေးအပ်ကာ COVID-19 ရောဂါ ကူညီစစ်ဆေးပေး

  13/ Jan/ 2022

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တိုက်ပွဲရှောင်စခန်းမှ နေရပ်စွန့်ခွာပြည်သူ (၈၅) ဦးတို့အား COVID-19 ရောဂါစစ်ဆေးပေးရာတွင် တောင်ကြီးမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် နေရပ်စွန့်ခွာပြည်သူများအတွက် အစားအသောက်များ၊ အသင့်စားမုန့်များ နှင့် သောက်ရေသန့်များကိုလည်း သွားရောက်လှူဒါန်းပေးခဲ့ပါသည်။
ဇန်နဝါရီလ (၁၂)ရက်နေ့ကလည်း ဆီဆိုင်မြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများသို့ စောင်များ၊ ဆေးရည်စိမ်ခြင်ထောင်များ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို သွားရောက်လှူဒါန်းပေးခဲ့သည်။
အလားတူ ညောင်ရွှေမြို့နယ်ရှိ နေရပ်စွန့်ခွာပြည်သူများအား COVID-19 ရောဂါစစ်ဆေးပေးခြင်းကို ညောင်ရွှေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။