နေရပ်ပြန်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့မှုများပြုလုပ်

  15/ Aug/ 2020

မြဝတီ၊ ဩဂုတ် ၁၅

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာကာ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေသည့် မြန်မာနိုင်ငံသားများအား ထောက်ပံ့မှုများပြုလုပ်ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၄နှင့် ၁၅ ရက်နေ့ကဆောင်ရွက်ခဲ့သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ MOU Quarantine Center တွင်အသွားအလာကန့်သတ်မှုခံယူနေသည့် ပြစ်ဒဏ်လွတ်မြောက်နေရပ်ပြန်ပြည်သူ ၅၄ဦးနှင့် ကျောက်လုံးကြီးအသွားအလာကန့်သတ်စခန်းတွင် အသွားအလာကန့်သတ်မှုခံယူနေသည့် ပြစ်ဒဏ်လွတ်မြောက်နေရပ်ပြန်ပြည်သူ ၄၁ အား ခရီးစရိတ်၊ စားစရိတ်၊ အဝတ်အထည်၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုလင်း၊မြဝတီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်နိုင်ဦး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးအောင်သွင်ဦးတို့က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာအောင်၊ ဌာနဆိုင်ရာများအသီးသီးမှတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသူကာ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လမှစဒီဇင်ဘာလအထိ ထောက်ပံ့စရိတ်နှင့် ထောက်ပံ့ပစ္စည်းများကို ဆက်လက်ပေးသွားမည်ပါသည်။