ဖားကန့်တွင် ကြက်ခြေနီမှ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း

  17/ Aug/ 2020

ဖားကန့်၊ ဩဂုတ် ၁၇

၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၇ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်နှင့်လမ်းများ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအချို့ရေဘေးသင့်ခဲ့ရသဖြင့် ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ကူညီရွှေ့ပြောင်းပေးခြင်း၊ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။