မင်းတပ်မြို့နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်

  09/ Jul/ 2021

မင်းတပ်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၉) ရက်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ရပ်ရွာလူထုများအတွက် ကနဦးအရေးပေါ် အထောက်အပံ့များအဖြစ် ဆန်အပါအဝင် အစားအစာများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ စောင်၊ ဆေးစိမ်ခြင်ထောင်၊ မိသားစုသုံးပစ္စည်း၊ လက်ဆွဲရေပုံး၊ ပလပ်စတစ်ဖျာ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ မိသားစုသုံးရေစစ်၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်၊ တာပေါ်လင်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများ အပါအဝင် ပစ္စည်းစုစုပေါင်း (၁၇) မျိုးနှင့် ဆေးပစ္စည်းများကို အိမ်ထောင်စု (၄၈၂) စု၊ လူဦးရေ (၁,၉၉၀) ဦးတို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း ဦးဆောင်သော ဝန်ထမ်းများနှင့် မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ စုစုပေါင်း (၁၄) ဦးတို့သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ (၈) ရက်နေ့အထိ သွားရောက်ဖြန့်ဝေကူညီထောက်ပံ့ခဲ့ပါသည်။
ထို့ပြင် မင်းတပ်မြို့နယ် ကိုဗစ်ကာကွယ်တားဆီးရေးကော်မတီသို့လည်း လက်သန့်ဆေးရည်များ နှင့် Surgical Mask များ ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုများအတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများနှင့် ညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိပါသည်။