မင်းတပ်မြို့နယ်ရှိ ဒေသတွင်းမငြိမ်မသက်ဖြစ်ခြင်းကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်

  10/ Sep/ 2021

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းပြီး ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဒေသတွင်းမငြိမ်မသက် ဖြစ်ခြင်းကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရပ်ရွာလူထုများအတွက် ကနဦးအရေးပေါ် အထောက်အပံ့များဖြစ်သည့် အစားအစာများ၊ အစား အစာမဟုတ်သောပစ္စည်းများ၊  COVID -19 ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်နှင့် Surgical Mask စုစုပေါင်း (၁၈) မျိုးတို့ကို မိသားစု (၆၄) စု၊ လူဦးရေ (၂၄၄)  ဦးအတွက် ဩဂုတ်လ (၃၀) နှင့် (၃၁)ရက်နေ့တို့တွင် ထောက်ပံ့ပေးနိုင်ခဲ့ပြီး မင်းတပ်ဆေးရုံသို့ ရေစစ်အိုးများနှင့် COVID-19 ကာကွယ်ရေးသုံး ပစ္စည်းအချို့ကိုလည်း ဖြန့်ဝေပေးခဲ့ပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သော ရပ်ရွာလူထု များအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု ရွေ့လျားဆေးကုသခြင်းနှင့် လူနာတင်ယာဉ်ဖြင့် အရေးပေါ် လူနာလွှဲပြောင်းခြင်း စတဲ့လုပ်ငန်းများကို မင်းတပ်မြို့ပေါ်ရှိ နေရာ (၅) နေရာတို့တွင် စက်တင်ဘာလ(၂)ရက်နေ့မှ စတင်ကာ စက်တင်ဘာလ (၂၁)ရက်နေ့အထိ ကူညီ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုများ၏ ထပ်မံ လိုအပ်နေ သေးသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ဆက်လက်ကူညီပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။