မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

  01/ Jul/ 2021

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာကန့်သတ်ထားသော အိမ်ထောင်စု (၁၂၀) အတွက် ကြက်သား (၄၂၀) ပိဿာအား လားရှိုးမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စုပေါင်းလှူဒါန်းပေးခဲ့ပါတယ်။
ပြီးခဲတဲ့လကလည်း အသွားအလာကန့်သတ်ထားသော အိမ်ထောင်စုများအား ရေသန့်နှင့် ဟင်းသီးဟင်းရွက်များ လှူဒါန်းပေးခဲ့သလို အသွားအလာကန့်သတ်ထားသောသူများ၏ လိုအပ်ချက်ကြောင့် ဖုန်းဆက်အကူညီတောင်းလာသည့်အခါတွင်လည်း အကူအညီများ ပေးခဲ့ပါတယ်။
လားရှိုးမြို့နယ်အတွင်း လူမှုကရုဏာအကူအညီများနှင့် ထောက်ပံ့မှုများကိုလည်း ဆက်လက်လုပ်ဆောင်ပေးနိုင်ရန် စီစဉ်လျှက်ရှိပါတယ်။