မိုင်းခတ်မြို့နယ်မှမီးဘေးသင့် အိမ်ထောင်စု ၂၀ ကို ကြက်ခြေနီက ကူညီထောက်ပံ့

  31/ Mar/ 2021

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ မွန်းလွဲပိုင်း က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ အားခေဝမ်တိုင်ရွာတွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာ ထိခိုက်ခံစားရသည့် အိမ်ထောင်စု (၂၀) စု၊ လူဦးရေ (၉၇) ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သည့် ပစ္စည်းများကို ဧပြီလ (၁) ရက်နေ့က သွားရောက် ပေးအပ်ခဲ့ပါသည်။
ထိုသို့ထောက်ပံ့ရာတွင် ကျိုင်းတုံခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမြင့်နိုင်၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အားလင်းလျှဲန်၊ ကျိုင်းတုံမြို့နယ်နှင့် မိုင်းခတ်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပစ္စည်းအမျိုးအစား (၁၄) မျိုးပါဝင်သော မိသားစုသုံးပစ္စည်း (၂၀) ပုံး၊ အမျိုးအစား (၁၁) မျိုးပါဝင်သော အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း (၃၅) အိတ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၀) ပုံး တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။