မိုးကုတ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းကမ်းပါးတိုက်စားမှုကြောင့် နေအိမ်ရွေ့ပြောင်းသူများကို ကြက်ခြေနီကူညီ

  12/ Aug/ 2021

မိုးကုတ်၊ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်
၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့က မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေနီချောင်း ကမ်းပါးတိုက်စားမှုကြောင့် ဆက်လက်နေထိုင်ရန်အန္တရာယ်ရှိ‌ေသာ ချောင်းအနီးရှိ နေအိမ်(၂)လုံးမှ မိသားစုများပြောင်းရွှေ့ရာတွင် မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါသည်။
ထို့အပြင် မြို့မအပိုင်း(၄)တွင်လည်း မြေပြိုပြီး နေအိမ်ပြိုကျခဲ့ရာ နေအိမ်အတွင်းနေထိုင်သူများ အနက်(၆)ဦးကို ကူညီကယ်ဆယ်‌ေပးခဲ့ပြီး သေဆုံးသူ(၁)ဦး၏ ရုပ်အလောင်းကို ဆေးရုံပို့ဆောင်ရာတွင်လည်း ကူညီခဲ့ကြပါသည်။