မိုးညှင်းတွင် ဘေးအန္တရာယ်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (Basic Disaster Management Training) ဖွင့်ပွဲကျင်းပ

  22/ Nov/ 2021

မိုးညှင်း၊ နို၀င်ဘာလ (၂၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း နှင့် USAIDတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (Basic Disaster Management Training) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၂ရက်နေ့ နံနက် ၁၀နာရီက ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ရှမ်းစာပေနှင့် ယဥ်ကျေးမှုရုံးခန်းမတွင် ကျင်းပခဲ့​ကြသည်။
အခမ်းအနားတွင် ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီးက အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပြီး နည်းပြ ဦးမောင်မောင်မြင့်က သင်တန်းအကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းကို သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို နိုဝင်ဘာလ (၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၂)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။