မီးဘေးကယ်ဆယ်ရေးစခန်းတွင်ထိခိုက်ဒဏ်ရာရရှိသူများအား‌ ကြက်ခြေနီက ရှေးဦးပြုစုပေး

  06/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၁)ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ နံ့သာရပ်ကွက်၌ မီးလောင်ကျွမ်းခဲ့ရာ ယာယီဖွင့်လှစ်ထားသော မီးဘေးကယ်ဆယ်ရေးစခန်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော ပြည်သူများအား‌ရှေးဦးပြုစုနည်းဖြင့် အနာဆေး‌ခြင်း၊ ဆေးထည့်ပတ္တီးစည်းပေးခြင်းနှင့် မီးဘေးကယ်ဆယ်ရေးစခန်းအတွင်း ခြင်ဆေးဖျန်းခြင်းတို့ကို ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဧပြီလ(၅)ရက်နေ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။