မော်လမြိုင် သာယာအေးရပ်ကွက်နေ ပြည်သူများအတွက် စားသောက်ကုန်များ ကြက်ခြေနီက ထောက်ပံ့ကူညီ

  07/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၇)ရက်နေ့က မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်မော်လမြိုင်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည်မော်လမြိုင်မြို့ သာယာအေးရပ်ကွက် အတွင်းရှိပြည်သူများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)အိတ်၊ ဆီ(၁)ဘူး၊ငါးသေတ္တာ(၁)ဘူးတို့ကို ထောက်ပံ့ကူညီခဲ့ကြကြောင်းသိရပါသည်။