မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဖားကန့်မြေပြိုမှုမှ ထိခိုက်ဒဏ်ရာရသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ငွေကြေး ထောက်ပံ့

  07/ Jul/ 2020

မြစ်ကြီးနား၊ ဇူလိုင် ၇

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၂ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါးကျေးရွာတွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေသည့်လူနာ(၅)ဦးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သည့် ငွေကျပ်(၁)သိန်းစီနှင့် အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်း (တပတ်စာ)တို့ကို ဇူလိုင်လ ၆ရက်နေ့က မြစ်ကြီးနားခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်ကျော်လင်းဦးဆောင်သည့်အဖွဲ့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီမှုများ ပြုလုပ်ပေးခဲ့ပါသည်။