မြန်မာနိုင်ငကြက်ခြေနီအသင်း၏မဟာဗျူဟာ (၂၀၂၁-၂၀၂၅) ပြုစုရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ အွန်လိုင်းဖြင့် ပြုလုပ

  01/ Sep/ 2020

ရန်ကုန်၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း မဟာဗျူဟာ(၂၀၂၁-၂၀၂၅) ပြုစုရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က အသင်း (ရန်ကုန်ရုံးခွဲ)တွင် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်း အလုပ်အမှုဆောင်များ၊အထွေထွေအတွင်းရေးမှူးနှင့် ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက် ရောက် ဆွေးနွေးခဲ့ကြပါသည်။
စက်တင်ဘာ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ လေးရက်တာ ပြုလုပ်သွားမည့် အဆိုပါဆွေးနွေးပွဲတွင် နောင်လာမည့် (၅)နှစ်တာ ကာလအတွင်း အသင်းကဆောင်ရွက်မည့် လုပ်ငန်းများအတွက် ထည့်သွင်းရေးဆွဲသင့်သည့် လုပ်ငန်း များနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ပါသည်။
၎င်းအပြင် ဩဂုတ်လ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ နေပြည်တော် ဌာနချုပ်တွင်လည်း ပြည်နယ်/တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် ကော်မတီဝင်များပါဝင်သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။