မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ဘားအံခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာနသို့ သွားရောက်

  10/ Jul/ 2020

ဘားအံ၊ ဇူလိုင် ၁၀

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်နှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ဘားအံမြို့ ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူး ပေါင်းဆောင်ရွက်လျက်ရှိသည့် ဘားအံခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာနသို့ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်ကရောက်ရှိခဲ့ပါသည်။

ထိုသို့သွားရောက်ရာတွင် အသင်းဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးခွန်ကျော်ဝင်းနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်နိုင်၊ ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်နှင့် တာဝန်ရှိသူများက ဌာနအတွင်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့လေ့လာပြီး အသင်းဥက္ကဌက လိုအပ်သည်များကို မှာကြားခဲ့ပါသည်။