မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ

  10/ Jul/ 2020

ဘားအံ၊ ဇူလိုင် ၁၀

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်နှင့် အဖွဲ့ဝင်များသည် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၀ရက်နေ့ နေ့လည် ၂ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်နှင့် ပြည်နယ်လူမှုဝန်ကြီးဦးဘိုဘိုဝေမောင်တို့အား ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်(၂)တွင် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် အသင်းဥက္ကဌမှ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ကရင်ပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ဆောင်ရွက်မှုအခြေအနေများကို အသိအမှတ်ပြုပါကြောင်းနှင့် လိုအပ်သည်များကို ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်သွယ်ပြီးဆောင်ရွက်နိုင်ကြောင်းပြောကြားခဲ့ပြီး ပြည်နယ်အတွင်း လူမှုကရုဏာလုပ်ငန်းများ အဆင်ပြေချော့မွေ့စွာလုပ်ကိုင်နိုင်ရေးအတွက် ပြန်လည်ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ အသင်းဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာတင်ညွှန့်၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးခွန်ကျော်ဝင်းနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်နိုင်၊ ဌာနချူပ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။