မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်များ ပြန်လည်ပြင်ဆင်သုံးသပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

  29/ Jul/ 2020

ရန်ကုန်၊ ဇူလိုင် ၂၉

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်များ ပြန်လည်ပြင်ဆင်သုံးသပ်ရေး
ကော်မတီ ၁/၂၀၂၀ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ တွင် အသင်းရန်ကုန်ရုံးခွဲ၌ ကျင်းပခဲ့ရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခ
ဒေါက်တာဒေါ်မြသူက အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူနှင့်အတူ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူးချုပ် ဒေါက်တာထိန်လင်း၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဒေါက်တာဒေါ်နွယ်နီအုန်း၊ အထွေထွေအတွင်းရေးမှူးပါမောက္ခဒေါက်တာ
ထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများဖြစ်ကြသောဒေါက်တာဒေါ်ညိုညိုဝင့် နှင့် ဒေါက်တာတင်ထွန်းအောင်၊ သူနာပြုတပ်ဖွဲ့ဗဟိုဦးစီးမှူးချုပ်(တာဝန်)ဦးမြင့်ထွန်းဟန်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြပါသည်။