မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ညောင်တုန်း၌ ပြုလုပ်သော ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) သင်တန်းဆင်းပွဲတွင် ထူးချွန်ရရှိသူများအား ဆုချီးမြှင့်

  09/ Aug/ 2020

ညောင်တုန်း၊ ဩဂုတ် ၉

မြန်မာနိုင်ငံကြက်ခြေနီအသင်း Red Ready စီမံချက်နှင့် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ ရက်နေ့က ညောင်တုန်းမြို့ အထက(၂)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ အသင်းဥက္ကဌ နှင့်အတူ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ထင်ဇော်စိုး၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးမန်းကြည်ရွှင်၊ ရှေးဦးပြုစုခြင်းနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင်၊ မအူပင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က သင်တန်းဆင်း အမှာစကားပြောကြားပါသည်။
ထို့နောက် မြိုနယ်ပညာရေးမှူး ဦအေးထွန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးသန်းမြင့်က အသင်းခွဲ၏ ဆောင်ရွက်မှုများကို တင်ပြခဲ့ပါသည်။
ယင်းနောက် အသင်းဥက္ကဌက သင်တန်းတွင်ထူးချွန်ဆု ရရှိသူများအားလည်း
ကောင်း၊ တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌက သင်တန်းဆင်း လက်မှတ်များအားလည်းကောင်း ပေးအပ်ချီးမြှင့် ခဲ့ကြပါသည်။
ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ အတွက် လူနာတင်ယာဉ်ဝယ်ယူရန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြင့်က အလှူငွေကို လှူဒါန်းခဲ့ပါသည်။
အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်းသို့ အလယ်တန်း/အထက်တန်း ဆရာ/ဆရာမ ၃၁ ဦး တက်ရောက်ခဲ့ကြပါသည်။