မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်

  24/ Aug/ 2020

ရန်ကုန်၊ ဩဂုတ် ၂၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်ရှင်သန်ခြင်း(ကြည့်မြင်တိုင်)လူမှုကူညီရေးအသင်း၊ ပရဟိတနှလုံးသား(ရန်ကုန်)လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သောရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ပြီး သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် အနောက်ပိုင်းခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာအောင်ခင်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် သင်တန်းဖြစ်မြောက်ရေးအတွက် အကူအညီပေးခဲ့ကြသူများအား ကျေးဇူးတင်ဂုဏ်ပြုလွှာများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပါသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းအတွက် နှာခေါင်းစည်း၊ မျက်နှာအကာ၊ လက်သန့်ဆေးရည်နှင့် ပိုးသတ်ဆေးဖြန်းပုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို သုံးရက်တာ သင်ကြား ပို့ချခဲ့ပြီး သင်တန်းသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် မြို့နယ်များရှိ လူမှုကူညီရေးအသင်းများမှသင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၇၅ ဦး
တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဦးတင်မောင်၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကို၊ အနောက်ပိုင်းခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌဒေါက်တာအောင်ခင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးစောထွေး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခိုင်မြတ် နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များ၊လူမှုကူညီရေးအသင်းများမှတာဝန်ရှိသူများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။