မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ နှင့် အစ္စရေးသံအမတ်ကြီးတို့တွေ့ဆုံ

  08/ Sep/ 2020

ရန်ကုန်၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံအမတ်ကြီး Mr. Ronen GILOR တို့သည် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက အသင်း(ရန်ကုန်ရုံးခွဲ) တွင် တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင် တို့တက်ရောက်ခဲ့ပြီး အစ္စရေးသံအမတ်ကြီးနှင့်အတူ အစ္စရေးသံရုံးမှ Public Diplomacy ဒေါ်မေဟန်လည်း တက်ရောက်ခဲ့ပါသည်။