မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကချင်ပြည်နယ်တွင် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လေ့လာ ဆန်းစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

  30/ Dec/ 2020

ရန်ကုန်၊ ဒီဇင်ဘာလ ၃၀
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြေစာပုံပြိုခြင်းအရေးပေါ်တုန့်ပြန်ရေး လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လေ့လာဆန်းစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ ၊ ညွှန်ကြားရေးမှူးများ၊ IFRC မှ Head of Country Office Joy Singhal၊ DRC မှ Country Manager Andreas Walter Fabricius၊ IFRC-KL မှ Jessie Roseleen HUARD နှင့်တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသော အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွှန့်၊ IFRC မှ Head of Country Office Joy Singhal၊ DRC မှ Country Manager Andreas Fabricius နှင့် IFRC-KL မှ Jessie Roseleen Roseleen HUARD တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်မှ ဖားကန့် မြို့နယ်၊ မြေစာပုံပြိုမှုဖြစ်စဉ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆွေးနွေးပွဲတွင် လေ့လာဆန်းစစ်ခြင်းများအပေါ်အဖွဲ့လိုက်ဆွေးနွေးခြင်း ၊အဖွဲ့လိုက် ဆွေးနွေးခဲ့သည့်အကြောင်းအရာများအား ပြန်လည်တင်ပြဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။