မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီအသိပညာပြန့်ပွားရေးဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်

  22/ Nov/ 2021

ရန်ကုန်၊ နိုဝင်ဘာလ (၂၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန မှ ဖွင့်လှစ်သော ကြက်ခြေနီအသိပညာပြန့်ပွားရေးသင်တန်းကို ယနေ့ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက် (၉:၃၀)အချိန်က အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Cooperation Coordinator Mr.Paul Keen က အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ အသင်းဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှတာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ သင်တန်းနည်းပြ ဆရာ၊ဆရာမများနှင့် သင်တန်းသား/သူ စုစုပေါင်း (၂၁)ဦးတက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာလ (၂၂) ရက်နေ့မှ (၂၃)ရက်နေ့အထိ (၂)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။