မြို့နယ်ကြက်ခြေနီအသင်းခွဲများအလိုက် ရွေ့လျားရှေးဦးပြုစုခြင်းစခန်းငယ်များဖြင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီ ဆောင်ရွက်ပေးလျှက်ရှိ

  07/ Apr/ 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် သက်ဆိုင်ရာမြို့နယ်ကြက်ခြေနီအသင်းခွဲများအလိုက် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရွေ့လျားရှေးဦးပြုစုခြင်းစခန်းငယ်များဖွင့်လှစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများ၊ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သူများအတွက် အရေးပေါ်ရှေးဦးပြု စုပေးခြင်း၊ ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးခြင်းတို့ကို နေ့စဥ်ကူညီဆောင်ရွက်ပေးလျက်ရှိကြပါသည်။