မွန်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက လိုအပ်သည့်နေရာများအလိုက် ရှေးဦးပြုစုခြင်းများနှင့် ဆေးရုံဆေးခန်းပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိ

  26/ Mar/ 2021

မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ထိခိုက်အနာတရဖြစ်သူများ၊ အရေးပေါ်ကုသမှုခံယူရန်လိုအပ်သူများအတွက် ရွေ့လျားရှေးဦးပြုစုခြင်းစခန်းငယ်များဖွင့်လှစ်ကာ အရေးပေါ်ရှေးဦးပြုခြင်းများ၊ ဆေးရုံဆေးခန်းသို့ ပေးဆောင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထူးခြားဖြစ်စဉ်အနေနှင့် မတ်လ၂၁ရက်နေ့က ကျိုက်ခမီမြို့ ပင်လယ်ကမ်းခြေအနီးတွင် သွေးအန်၍အသက်ရှုခက်ခဲနေသည့် လူနာတစ်ဦးအား အရေးပေါ်ရှေးဦးပြုစုပေးခဲ့ကြပြီး မော်လမြိုင်မြို့နယ်ရှိ အမှတ်(၅) ကုတင်၃၀၀ဆေးရုံသို့ ညွှန်းပို့ပေးခဲ့ကြောင်းသိရသည်။
မတ်လ၂၄ရက်နေ့ကလည်း သံဖြူဇရပ်ဆေးရုံမှ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သည့် လူနာတစ်ဦးအား မော်လမြိုင်မြို့နယ်ရှိ အမှတ်(၅) ကုတင်၃၀၀ဆေးရုံသို့ ညွှန်းပို့ပေးခဲ့ကြသည်။