ယာဉ်မတော်တဆမှုကြောင့် ထိခိုက်မိသူအား ကြက်ခြေနီက ရှေးဦးပြုစု‌ပေးပြီး ဆေးရုံသို့ကူညီပို့ဆောင်

  12/ Apr/ 2021

၂၀၂၁ ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့ ညပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရှိကြောင်းသိရှိရသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးသန်းအောင်မိုးနှင့် တပ်စုမှူးဦးဖြိုးသုခတို့သည် ထိခိုက်ဒဏ်ရာရသူအား ရှေးဦးပြုစုနည်းဖြင့်ပြုစုစောင့်ရှောက်ပေးခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှလူနာတင်ယာဉ်ဖြင့်ဆေးရုံသို့ အချိန်မီ ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။