ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို အင်းစိန်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစု

  09/ Sep/ 2021

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အင်းစိန်မြို့နယ် အောင်ဆန်းရွာသစ်မှတ်တိုင်အနီး ကားနှင့်ဆိုင်ကယ် မတော်တဆမှုဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရရှိသူအမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)တစ်ဦးတို့အားလည်းကောင်း၊ ညပိုင်းတွင် ၁၄ လမ်းဆုံ၌ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူကိုလည်းကောင်း ရှေးဦးပြုစုပေးပြီး လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။