ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီက ရှေးဦးပြုစုခြင်းဖြင့် အချိန်မီကူညီပေးနိုင်ခဲ့

  27/ Jan/ 2022

ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများအား ရှေးဦးပြုစုပေးခြင်းနှင့် ဆေးကုသမှုခံယူမည့်သူများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံဆေးခန်းများသို့ အချိန်မီ ပို့ဆောင်ကူညီပေးလျှက်ရှိပါသည်။
ထိုကဲ့သို့ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သူများအား ရှေးဦးပြုစုပေးနိုင်ခဲ့ပါသည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်၊ ငှတ်ချောကွင်းကျေးရွာအနီး ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသား (၂)ဦးအား ရှေးဦးပြုစုပေးပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အလားတူ အေးမြကျေးရွာအနီး ယာဉ်မတော်တဆဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားတစ်ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာအမျိုးသားတစ်ဦးအား လိုအပ်ချက်အရ ပုသိမ်ဆေးရုံကြီးသို့လည်းကောင်း ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြသည်။