ရန်ကုန်-ပုသိမ်အမြန်လမ်း ညောင်တုန်း(တာကွေ့)တွင် ရှေးဦးပြုစုခြင်းစခန်း ဖွင့်လှစ်

  04/ Jan/ 2021

ညောင်တုန်း၊ ဇန်နဝါရီ ၄

ဧရာဝတီတိုင်း​ဒေသကြီး ကြက်​ခြေနီ ကြီးကြပ်မှု​ကော်မတီ၏ ဦး​ဆောင်မှုဖြင့် မအူပင်ခရိုင်၊​ညောင်တုန်းမြို့ (တာ​ကွေ့ ) ရန်ကုန်-ပုသိမ် အမြန်လမ်း၌ ရှေးဦးပြုစုခြင်းစခန်း ဖွင့်လှစ်ခြင်းကို ဇန်နဝါရီလ ၄ ရက် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ တိုင်း​ဒေသကြီး ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီ ဥက္ကဌ ဦးမန်းကြည်ရွှင်၊ ဒုတိယဥက္ကဌ ဦးမြင့်လွင်၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ ဥက္ကဌ ဦး​အောင်မျိုးဝင်းတို့က ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ထို့​နောက် တိုင်း‌ဒေသကြီးကြက်‌ခြေနီကြီးကြပ်မှု‌ကော်မတီဥက္ကဌက အမှာစကား​ပြောကြားပြီး ဒုတိယဥက္ကဌ ဦးမြင့်လွင်က အလှူငွေ ၁၀သိန်းကျပ်၊ မြို့နယ်ကြက်​ခြေနီ အသင်းခွဲ အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းချိုက ၃ သိန်းကျပ်နှင့် မအူပင်ခရိုင်ကြက်‌ခြေနီတပ်ဖွဲ့မှူးတို့က ဆေးအိတ်တို့ကို အသီးသီး​ပေးအပ် လှူဒါန်းခဲ့ကြပါသည်။

အဆိုပါ ရှေးဦးပြုစုခြင်းစခန်း ဖွင့်ပွဲသို့ တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အမှု​ဆောင်များ၊ တိုင်း‌ဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး၊ မအူပင်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ ညောင်တုန်းမြို့နယ် ကြက်​ခြေနီအသင်းခွဲ ဥက္ကဌ နှင့်အမှုဆောင်များ၊မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။