ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး (နည်းပြ)သင်တန်းဖွင့်လှစ်

  06/ Jun/ 2021

ရန်ကုန်၊ ဇူလိုင်လ (၅) ရက်နေ့
မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှပြုလုပ်‌သော ရပ်ရွာ လူထု အခြေပြုဘေးအန္တရာယ်လျော့ပါးရေး(နည်းပြ)သင်တန်းဖွင့်ပွဲကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအဖွင့်အမှာစကားကို အသင်းဥက္ကဌမှ ပြောကြားခဲ့ပြီး အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ရပ်ရွာဒေသနှင့် လိုက်လျော ညီထွေရှိသောအစီအစဉ်များရေးဆွဲခြင်းဖြင့် ပိုမိုလုံခြုံ စိတ်ချရပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထုများဖြစ်လာစေရေး အတွက် ရည်ရွယ်ကာ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းကို UNHCR ၏ပံ့ပိုးမှုဖြင့် ဇူလိုင်လ(၅)ရက်နေ့မှ ဇူလိုင်လ(၉)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ စီမံချက်ညှိနှိုင်းရေးမှူးများ၊ ကွင်းဆင်းအရာရှိများနှင့် ကြီးကြပ်ရေးမှူးများ စုစုပေါင်း(၂၁)ဦးတက်ရောက်ကြမည်ဖြစ်ပါသည်။