ရေစကြိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုကရုဏာအကူအညီများ ဆက်လက်ဆောင်ရွက်လျက်ရှိ

  16/ Sep/ 2021

ရေစကြို၊ စက်တင်ဘာလ ၁၆ရက်
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရေစကြိုမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာများတွင် COVID 19 ရောဂါကူးစက်မှု တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများနှင့် လူမှုကရုဏာအကူအညီများအား ရပ်ရွာလူထုအတွက် နေ့စဥ် လုပ်ကိုင်ပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၅ရက်နေ့က ယာယီစျေးနှင့်မြို့ပေါ်ရပ်ကွက်များတွင် COVID 19ရောဂါ အသိ‌ပညာပေးနှိုးဆော်ခြင်း၊ အောက်စီဂျင်ကျလူနာတစ်ဦးအား အသင်းခွဲပိုင်အောက်စီဂျင်အိုးဖြင့်ကူညီပေးခြင်း၊ ကုက္ကိုစုကျေးရွာမှ ကွယ်လွန်သူတစ်ဦးအား မြှပ်နှံသဂြိုလ်ရာတွင် ကူညီလုပ်ကိုင်ပေးခြင်း၊ ဆိုင်ကယ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုပေးခြင်းတို့ကို အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။