ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ အသုံးပြုရန်အလှူငွေ၊ စောင်နှင့်အဝတ်အထည်များလှူဒါန်း

  28/ Aug/ 2020

ရန်ကုန်၊ ဩဂုတ် ၂၈

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ရေဘေးသင့်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ အသုံးပြုရန် Korea Garment Association in Myanmar (KOGAM) မှ အလှူငွေ၊စောင်နှင့် အဝတ်အထည်များလှူဒါန်းခြင်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
လှူဒါန်းပွဲတွင် Korea Garment Association in Myanmar (KOGAM)မှ Secretary General ဖြစ်သူ Mr.Ryan Kim က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အသင်းမှ ဆောင်ရွက်လျက်ရှိသော ရေဘေးသင့်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် အလှူငွေကျပ် ၇,၆၀၀,၀၀၀ိ/(ကျပ် ခုနှစ်ဆယ့်ခြောက်သိန်း)နှင့် ကျပ် ၃,၂၀၀,၀၀ဝိ/ တန်ဘိုးရှိ စောင်နှင့် အဝတ်အထည်များအား လှူဒါန်းရာ အသင်း ဥက္ကဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အရင်းအမြစ်စုစည်း အသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ Korea Garment Association in Myanmar သည် ရေဘေးသင့်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် အသင်းသို့ ယမန်နှစ်ကလည်း လာရောက်လှူဒါန်းခဲ့ပါသည်။