ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် စားသောက်ဖွယ်ရာများလှူဒါန်း

  28/ Aug/ 2020

ရန်ကုန်၊ ဩဂုတ် ၂၈

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သည့် ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲတွင် မင်းရသ လူမှုကူညီရေးပရဟိတအဖွဲ့ ဥက္ကဌ ဦးထက်အောင်ဖြိုးက ကျပ် ၇၂၀,၀၀ဝိ/ တန်ဖိုးရှိ အဝတ်အစားထုတ် – ၁၆ ထုတ်၊ ခေါက်ဆွဲခြောက်ထုတ် – ၇ ထုတ်၊ ခေါက်ဆွဲခြောက်ပုံး- ၉ ပုံး၊ ရေသန့်- ၃၄ ကဒ်တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ အသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
လှူဒါန်းပွဲသို့ အသင်း ဒုတိယဥက္ကဌနှင့်အတူ အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူးဒေါ်မေစန္ဒာမျိုး နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။