ရွှေဂဲရေဆိုးထုတ်ရေတံခါးအနီး တာရိုးကျိုးပေါက်မှုတွင် ထိခိုက်ခံစားရသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရန် ပြင်ဆင်

  20/ Jul/ 2020

ရန်ကုန်၊ ဇူလိုင် ၂၀

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေဂဲရေဆိုးထုတ် ရေတံခါးအနီး တာရိုးကျိုးပေါက်မှုတွင် လက်ရှိအချိန်ထိ ယာယီကယ်ဆယ်ရေးစခန်း (၁၄) ခု ဖွင့်လှစ်ထားရှိပြီး ရွှေ့ပြောင်းပေးထားသည့် လူဉီးရေမှာ ခန့်မှန်း ၄,၀၀၀ ကျော် ရှိပြီဖြစ်ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပြည်သူများ ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးအပ်လျက်ရှိသလို အသင်းဌာနချုပ်အနေ ဖြင့်လည်း အရေးပေါ်ကူညီထောက်ပံ့ပစ္စည်များဖြစ်သည့် မီသားစု တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁,၄၀၀) ပုံး၊ အသက်ကယ်ဘောကွင်း (၁၀) ခုနှင့် ခေါက်ထမ်းစင် (၄) ခုတို့အား ပင်မသိုလှောင်ရုံ (သန်လျင်)မှ မန္တလေးတိုင်း ဒေသကြီးသို့ ပို့ဆောင်ရန် ဇူလိုင်လ ၂၀ ရက်နေ့က ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။