လားရှိုးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာကန့်သတ်ထားသော အိမ်ထောင်စုများတို့အတွက် စားသောက်ကုန်များနှင့်သောက်သုံးရေသန့်များ ကြက်ခြေနီကူညီထောက်ပံ့

  11/ Jul/ 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက လားရှိုးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာကန့်သတ်ထားသော အမှတ်(၉)ရပ်ကွက်ရှိ အိမ်ထောင်စု(၃၀) စုတို့အတွက် အလှူရှင်များမှ လှူဒါန်းထားသည့် အခြေခံစားသောက်ကုန်များနှင့် အမှတ် (၄) ရပ်ကွက်ရှိ အိမ်ထောင်စု (၈၀) စုတို့အတွက် သောက်သုံးရေသန့်များအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့က ၎င်းတို့နေထိုင်ရာနေရာများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ထို့အပြင် အမှတ် (၉) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် မွေးဖွားသန့်စင်သုံးပစ္စည်းအိတ် (၁) အိတ်ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။