လားရှိုး ယာယီနေရပ်စွန့်ခွါပြည်သူများအတွက် ကြက်ခြေနီက ပစ္စည်းများထောက်ပံ့

  08/ Apr/ 2021

၂၀၂၁ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က လတ်တလောဖြစ်ပေါ်နေသည့် အခက်အခဲများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့သို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွါအိမ်ထောင်စု (၉) စု လူဦးရေ (၆၂) ဦးအတွက် အရေးပေါ်လိုအပ်နေသည့် စောင် (၆၂) ထည်နှင့် ခြင်ထောင် (၆၂) လုံးတို့အား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဒေါ်နီလာငယ်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၅) ဦးတို့က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။