လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

  17/ Mar/ 2021

“ တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲ အနေနဲ့ ရှေးဦးပြုစုခြင်းစခန်း (၄) ခု ဖွင့်ပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင်နဲ့ ကြက်ခြေနီ အသင်းဝင် ဆရာဝန်တွေအပါအဝင် ကျွန်တော်တို့ စုစုပေါင်း (၂၆) ဦးနဲ့ နေ့စဉ် ကူညီပေးနေပါတယ်။ လက်တလောမှာတော့ ပေါက်ပြဲရှနာတွေ၊ ကျည်/ မီးခိုးဗုံးအစ ထိမှန်တာတွေ၊ ပြေးရင်း လွှားရင် ထိခိုက်မိတာတွေကို ရှေးဦးပြုစုပေးပါတယ်။ လိုအပ်ပါက ဆရာဝန်အဖွဲ့က တိုင်ပင်ပြီး ချုပ်ပေးတာမျိုးတွေရှိတယ်။ ကြီးမားတဲ့ ဒဏ်ရာတွေဆိုရင် ကြက်ခြေနီ လူနာတင်ယာဉ်နဲ့ ဆေးရုံး၊ဆေးခန်းကို ပို့ဆောင်ပေးတာတွေကို ကူညီဆောင်ရွက်လျှက်ရှိပါတယ်” ဟု တာမွေကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မျိုးဦးက ပြောပါသည်။