လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

  14/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့၌ ဆေးရုံဆင်း မီးဖွားလူနာတစ်ဦးကို မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲပိုင် လူနာတင်ယာဉ်ဖြင့် ရေးမြို့နယ်၊ ကလော့ကျေးရွာသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
လူနာပို့ပြီးအပြန်တွင် ရေးမြို့နယ် မော့ကနင်ကျေးရွာအနီး ယာဉ်မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူကို တွေ့ရသဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့ကရှေးဦးပြုစုပေးခဲ့ကြပါသည်။