လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

  15/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့ညပိုင်းတွင်
မွန်ပြည်နယ် မော်လမြိုင်မြို့ မြေနီကုန်းကားဝင်း၌ ဆိုင်ကယ်ပေါ်မှပြုတ်ကျပြီး နဖူးနှင့် နှုတ်ခမ်းကွဲသွားသည့်လူနာအား ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့က ရှေးဦးပြုစု
‌ေပးပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လူနာတင်ယာဥ်ဖြင့် နေအိမ်သို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ယာဉ်မတော်တဆဖြစ်ပြီး ညှပ်ရိုးကျိုးသောလူနာကိုလည်း ကျိုက်ခမီကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးက ရှေးဦးပြုစုပေးပြီး ကျိုက်ခမီအသင်းခွဲငယ်ပိုင် လူနာတင်ယာဥ်ဖြင့် ကျိုက်ခမီတိုက်နယ်ဆေးရုံမှ မော်လမြိုင်ဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။