လူနာများအား ထားဝယ်ကြက်ခြေနီက မြို့နယ်ကြက်ခြေ နီအသင်းခွဲမှ လူနာတင်ယာဉ်ဖြင့်ကူညီပို့ဆောင်

  16/ Sep/ 2021

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့၌ အသက်ရှူကြပ်နေသော လူနာ(၁)ဦးနှင့် လောင်းလုံးမြို့နယ် ကြက်ယက်တွင်းကျေးရွာမှ အစာအိမ်ဝေဒနာခံစားနေရသူ(၁)ဦးတို့ကို ဆေးရုံသို့လည်းကောင်း၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး OPD Wardမှ ခြေသလုံးရိုးကျိုးလူနာ(၁)ဦးကို ဓါတ်မှန်ဆောင်သို့ လည်းကောင်း၊ COVIDရောဂါကုသပြီး ကျန်းမာလာသူ(၁)ဦးကိုကျေးရွာနေအိမ်သို့ လည်းကောင်း၊ ပခပ်ကျေးရွာ၌ ဆိုင်ကယ်မတော်တဆမှုကြောင့်ဒဏ်ရာရသူ (၂)ဦးကို ဆေးရုံသို့ လည်းကောင်း၊ နေမကောင်းဖြစ်သူ(၁)ဦးကို ကြက်စားပြင်ရပ်‌နေအိမ်မှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီခဲ့ပါသည်။
ထို့အတူ စက်တင်ဘာလ(၁၇)ရက်နေ့တွင် ကညုံရပ်မှလူနာ(၁)ဦးနှင့် ကရပ်ပြင်မြောက်ရပ်မှ အောက်ဆီဂျင်ကျလူနာ(၁)ဦးတို့ကို ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း၊ ပညာရေးကောလိပ် COVIDကုသရေးစင်တာမှ ရောဂါပိုးတွေ့လူနာ(၁)ဦးကို ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း၊ လောင်းလုံးမြို့မှ ကလေးမွေးဖွားပြီး ဆေးရုံဆင်းသူ(၁)ဦးကို နေအိမ်သို့လည်း
ကောင်း အသီးသီး ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။