သင်္ဃန်းကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲက အရေးပေါ်ရှေးဦးပြုစုခြင်းနှင့် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးလျက်ရှိ

  19/ Apr/ 2021

လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကြက်ခြေနီ
အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရွေ့လျားရှေးဦးပြုစုခြင်းစခန်းများဖွင့်လှစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများကို အရေပေါ်ရှေးဦးပြုစုပေးခြင်းနှင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သူများကိုဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၁ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့မှဧပြီလ(၁၉)ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီ‌တပ်ဖွဲ့မှူး‌ဒေါ်စမ်းစမ်း‌မော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၆)ဦးတို့သည် မြို့နယ်အတွင်း ထိခိုက်ဒဏ်ရာရသူနှင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သူ(၂၃)ဦးတို့ကို အရေးပေါ်ရှေးဦးပြုစုခြင်း၊ ဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း အရေးပေါ်ရှေးဦးပြုစုခြင်းနှင့် လူနာတင်ယာဉ်လိုအပ်ပါက 09-426060273, 09-73005116 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။