သတိလစ်မေ့မျောနေသည့် အဖိုးတစ်ဦးအား လှိုင်ကြက်ခြေနီက ရှေးဦးပြုစုပေး

  15/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ ၁၅ရက် နံနက်၁၀နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင်နေထိုင်သူ အဖိုးတစ်ဦး သတိလစ်မေ့မျောသွားသဖြင့် လှိုင်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အချိန်မီသွားရောက်ကာ အရေးပေါ်ရှေးဦးပြုစုပေးခဲ့ပြီး လူနာတင်ယာဥ်ဖြင့် အင်းစိန်မြို့နယ်ရှိကွယ်ကဘောဆေးရုံသို့လည်းကောင်း၊ ထိုမှတစ်ဆင့် သက်ဆိုင်ရာလွှဲပြောင်းမှုများဖြင့်ဝိတိုရိယဆေးရုံသို့လည်းကောင်း၊ ပန်းလှိုင်ဆေးရုံသို့လည်းကောင်း အဆင့်ဆင့်ပို့ဆောင်ပေးခဲ့ကြပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြသည်။