သီပေါတွင် ယာယီနေရပ်စွန့်ခွာသူများကို ကြက်ခြေနီက ထောက်ပံ့ကူညီ

  08/ Apr/ 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးတို့သည် ၂၀၂၁ခုနှစ်၊ ဧပြီလ(၈)ရက်နေ့က သီပေါမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ရောက်ရှိနေကြသော အိမ်ထောင်စု(၆၀)အတွက် မြန်မာနိုင်ငံကြက်ခြေနီ
အသင်းမှထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၆၀)ပုံးနှင့်အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၆၀)အိတ်ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှထောက်ပံ့သော အိမ်ထောင်စု(၁၄၀)အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၄၀)ပုံးနှင့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၄၀)အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ယာယီသန့်စင်ခန်းတစ်ခုကို ကူညီဆောက်လုပ်ပေးခဲ့ကြပါသည်။