သီပေါတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကြက်ခြေနီမှ အရေးပေါ်ယင်လုံအိမ်သာများ ကူညီဆောက်လုပ်ပေး

  09/ Apr/ 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးစိုင်းဇော်၀င်းနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၂၁ခုနှစ်၊ ဧပြီ(၉)ရက်နေ့က သီပေါမြို့တွင် ယာယီနေရပ်စွန့်ခွာရောက်ရှိနေကြသော အိမ်ထောင်စု (၄၆) စု၊ လူဦးရေ (၂၁၆) ဦးအတွက် အရေးပေါ်ယင်လုံအိမ်သာများကို ဆောက်လုပ်ပေးခဲ့ကြပါသည်။