သံဖြူဇရပ်နှင့် ရေးတွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကြက်ခြေနီက ဆေးရုံသို့ကူညီပို့ဆောင်

  12/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဆိုင်ကယ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့သည် အသင်းခွဲမှလူတင်ယာဉ်ဖြင့်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ရေးမြို့နယ်ကြက်‌‌ေခြနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် ယာဉ်မတော်တဆမှုကြောင့် ခြေထောက်ကျိုးသည့် လူနာနှင့် အိမ်ပေါ်မှပြုတ်ကျပြီး ဦးခေါင်းထိခိုက်မိသည့်လူနာတို့ကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။