သံဖြူဇရပ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကူညီ

  05/ Apr/ 2021

၂၀၂၁ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့ နေ့လည်ပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကွမ်သတ်ကျေးရွာအနီး ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပွားခဲ့သဖြင့် သတင်းပေးချက်အရ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီအသင်းခွဲ လူနာတင်ယာဉ်နှင့် မွန်မြတ်စေတနာလူမှုကူညီရေးအသင်းလူနာတင်ယာဉ်တို့ ပူးပေါင်းပြီး ထိခိုက်ဒဏ်ရာရသူများကို ကူညီပေးခဲ့ကြပါသည်။
၎င်းဖြစ်စဉ်တွင် သံဖြူဇရပ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၈) ဦးက အရေးပေါ်လူနာတင်ယာဉ် (၃) စီးဖြင့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာများကို ရှေးဦးပြုစုပေးပြီး မော်လမြိုင်မြို့ ကုတင် (၃၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြသည်။