သွေးလိုအပ်သူလူနာအား ကြက်ခြေနီက သွေးသန့်သွေးလှူဒါန်း

  02/ Oct/ 2021

စစ်တွေ၊ အောက်တိုဘာ ၁ရက်
၂၀၂၁ခုနှစ်၊စက်တင်ဘာလ ၃၀ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ထူးအထူးကုဆေးခန်းတွင် ဆေးကုသမှုခံယူနေသူလူနာတစ်ဦး အရေးပေါ်သွေးလိုအပ်သဖြင့် စစ်တွေမြို့နယ်ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူး ဒေါ်စံကျော့ခိုင်မှ “O” သွေးတစ်လုံး သွားရောက်လှူဒါန်းပေးခဲ့ပါသည်။
အဆိုပါ သွေးလှူဒါန်းမှုသည် ဒေါ်စံကျော့ခိုင်၏ (၈)ကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း သိရှိရပါသည်။