ဟားခါးတွင် မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ကူညီ

  04/ Nov/ 2021

ဟားခါး၊ နိုဝင်ဘာလ (၅)ရက်။
၂၀၂၁ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဟားခါးခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဟောက်ကျင့်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မီးငြိမ်းသတ်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအား ကူညီပေးခဲ့ကြပြီး မီးဘေးသင့်ပြည်သူများအား ထိခိုက်ဒဏ်ရာများအားရှေးဦးပြုစုပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် မီးဘေးသင့်အိမ်ထောင်စု((၆)စုစာအတွက် မိသားစုသုံးပစ္စည်း (၁ လစာ) ၂စုံ၊ မိသားစုသုံးပစ္စည်း တစ်ပတ်စာ (၄)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၆စုံ၊ စောင်(၄)ထည်နှင့် လက်သန့်ဆေးရည်ဗူး (၆)ဗူးတို့ကို နိုဝင်ဘာလ (၄)ရက်နေ့က သွားရောက်ထောက်ပံ့ပေးခဲ့ကြပါသည်။