အရေးပေါ် သွေးလိုအပ်နေသည့် ကလေးငယ်လေးအတွက် ကြက်ခြေနီ စေတနာဝန်ထမ်းနှစ်ဦးမှ သွေးသွားရောက်လှူဒါန်း

  01/ Mar/ 2021

မြစ်ကြီးနားမြို့ (ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်)

ရိုးတင်ချဉ်ဆီ အားနည်းခြင်းကြောင့် အရေးပေါ် သွေးလိုအပ်နေတဲ့ ကလေးငယ်လေးအတွက် ကြက်ခြေနီ စေတနာဝန်ထမ်း နှစ်ဦးက သွားရောက် သွေးလှူဒါန်းခဲ့ပါတယ်။

သွေးအလှူရှင် ကြက်ခြေနီ စေတနာဝန်ထမ်း မနှင်းအိဖြူအတွက် ယခုအကြိမ် သွေးလှူဒါန်းမှုက အကြိမ် (၃၀) မြောက် လှူဒါန်းခြင်းဖြစ်ပြီး ကိုအောင်မြတ်သူ အတွက် အကြိမ် ၃၈ မြောက် လှူဒါန်းခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ စေတနာလုပ်အားရှင်များဟာ နေရာတိုင်း၊ အချိန်တိုင်းမှာ လိုအပ်တဲ့ အကူအညီတွေကို ဘက်လိုက်မှုကင်းစွာ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေကြသူများဖြစ်ပါတယ်။

Wordpress Photo Gallery